SSH Passwordless Authentication - ssh-copy-id
August 27, 2026
SSH Passwordless Authentication - ssh-copy-id နဲ့ အလွယ်တကူ Setup လုပ်နည်း 🔐
ပုံမှန်အားဖြင့် SSH key pair ကို private public key ထုတ်ပြီးတော့မှ server တစ်ခုကို passwordless authentication လုပ်ချင်တဲ့အချိန်မှာ setup လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့် လုပ်တာက ကိုယ့်ဆီမှာ private key ရော public key ရောထည့်မယ်။ ပြီးတော့ကိုယ် deploy လုပ်ချင်တဲ့ server မှာ ကိုယ် passwordless authentication နဲ့ဝင်ချင်တဲ့ server မှာသွားပြီးတော့ အဲဒီရဲ့ ပတ်လမ်းကြောင်းတွေထဲမှာထည့်တယ်။ တကယ်တမ်းက flow ကတော့ဒါပဲ။ ဒါပေမဲ့ steps နှစ်ခုဖြစ်နေတယ်ပေါ့နော်။
Local မှာလုပ်တာရယ် server မှာ deploy လုပ်တာရယ် - နှစ်နေရာမှာ လုပ်ရတော့ ရှုပ်ထွေးနေတယ်။
ssh-copy-id - The Easy Way ✨
အဲတော့အဲဒါကို တကယ်တမ်းက ပိုပြီးလွယ်အောင် လုပ်မယ်ဆိုရင် command တစ်ခုရှိတယ်။ ssh-copy-id ဆိုတဲ့ကောင်။
💡 ssh-copy-id က ဘာလုပ်ပေးလဲ? ကိုယ့်စက်ထဲမှာ ssh-keygen ကိုထုတ်လိုက်ပြီး ထုတ်ပြီးရလာတဲ့ public key ကို တစ်ခါထဲ server ရဲ့ authorized_keys ထဲကို deploy လုပ်ပေးတယ်။ ssh-copy-id ဆိုပြီးတော့ server login ဝင်လိုက်ရုံပါပေ။ လွယ်တယ်မြန်တယ်။
Setup လုပ်နည်း 🛠️
Step 1: SSH Key Generate လုပ်ခြင်း
ssh-keygen -t rsa -b 4096
Enter ကိုဆက်ရိုက်ပြီး default လမ်းကြောင်းမှာ save လုပ်လိုက်ပါ။
⚠️ သတိပြုရန်:
Passphrase မထည့်ချင်ရင် Enter ဆက်ထားလို့ရပါတယ်။ ဒါပေမဲ့ security အတွက်ဆိုရင် passphrase ထည့်ထားတာ ပိုကောင်းပါတယ်။
Step 2: ssh-copy-id သုံးပြီး Server မှာ Deploy လုပ်ခြင်း
ssh-copy-id user@server_ip
ဒါဆိုရင် password တစ်ခါလောက်ထည့်ရမယ်။ အဲဒါပြီးရင် public key က server ရဲ့ ~/.ssh/authorized_keys ထဲကို အလိုအလျောက်ဝင်သွားပြီ။
Step 3: Passwordless Login စမ်းကြည့်ခြင်း
ssh user@server_ip
Password မမေးတော့ဘူး။ အလိုအလျောက် ဝင်သွားပြီ။ 🎉
အကျိုးကျေးဇူးများ 💡
| အားသာချက် | အကြောင်းအရာ |
| ⚡ **အချိန်သက်သာတယ်** | manual ထည့်စရာမလို |
| 🚀 **လွယ်တယ်မြန်တယ်** | command တစ်ခုတည်းနဲ့ပြီးသွားတယ် |
| ✅ **မှားယွင်းမှုနည်းတယ်** | key ကို မှန်မှန်ကန်ကန် deploy လုပ်ပေးတယ် |
---
> 📚 Reference:
Linux/Mac မှာဆိုရင် ssh-copy-id က built-in ပါပြီးသားဖြစ်ပါတယ်။ OpenSSH package ထဲမှာပါဝင်ပါတယ်။
---