AWS Networking — Internet Gateway, Route Table & Public vs Private Subnet
December 12, 2026
🌐 Internet Gateway (IGW) ဆိုတာ ဘာလဲ?
အိမ်တစ်လုံးနဲ့ ယှဉ်ကြည့်ပါ —
မင်းအိမ် = VPC တံခါး = Internet Gateway လမ်းမကြီး = Internet တံခါးမပါရင် အိမ်ထဲကနေ ဘယ်သူမှ ထွက်လို့မရ၊ ဘယ်သူမှ ဝင်လို့မရဘူး။ IGW က VPC နဲ့ Internet ကြားထဲမှာ ရှိတဲ့ တံခါး ပါပဲ။
🗺️ Route Table ဆိုတာ ဘာလဲ?
တံခါးရှိတယ်၊ ဒါပေမဲ့ လမ်းညွှန်မပါရင် ဘယ်သွားရမှန်းမသိဘူး။ Route Table မှာ rule နှစ်ခုရှိတယ် —
| Destination | Target | အဓိပ္ပါယ် |
| `10.0.0.0/16` | Local | VPC အတွင်းသွားမယ် |
| `0.0.0.0/0` | IGW | Internet သွားမယ် |
| Public Subnet | Private Subnet | |
| Route Table | `0.0.0.0/0 → IGW` ပါတယ် | `0.0.0.0/0` မပါဘူး |
| Internet ကနေဝင်လို့ | ✅ ရတယ် | ❌ မရဘူး |
| Use case | Web server, Load Balancer | Database, Backend |
| Internet Gateway | Security Group | |
| အခန်းကဏ္ဍ | VPC ကို Internet နဲ့ ချိတ်တဲ့ တံခါး | EC2 ကို ဝင်ခွင့်စစ်တဲ့ လုံခြုံရေး |
| မပါရင် | Internet လုံးဝမရောက်ဘူး | EC2 အထိ ရောက်ပေမဲ့ ဝင်လို့မရဘူး |
| ဥပမာ | ရပ်ကွက်တံခါး | အိမ်တံခါး |
IGW = ရပ်ကွက်ဝင်တံခါး (ဖွင့်မထားရင် ရပ်ကွက်ထဲမဝင်ရ)
SG = အိမ်တံခါး (ဖွင့်မထားရင် အိမ်ထဲမဝင်ရ)
EC2 = အိမ်` နှစ်ခုလုံး ဖွင့်မှသာ အိမ်ထဲရောက်မယ် ✅